Level Up Agency

Uncategorizedမြို့တော်ရန်ကုန်

မြို့တော်ရန်ကုန်

ရန်ကုန်မြို့ (အင်္ဂလိပ်:  Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊မတ်လ မှ စတင်၍ စစ်အစိုးရသည် နေပြည်တော်ကို မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊[၂] လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။

ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။[၃] လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။

ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ ဒဂုံဟူသော အမည်သည် မွန် ဝေါဟာရ ဒဂုင်(မြန်မာအသံထွက်-ဒဂုန်)၊ လဂုင်(မြန်မာအသံထွက်-လဂုန်) တို့က ဆင်းသက်လာပြီး ဒဂုံဖြစ်လာသည်ဟု ယူဆကြသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့မည်တော်ဖြစ်သည်။ ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျာ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပာယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တိဂုံ၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပာယ်ရသည်။ [၄] ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ပြီဟုအဓိပ္ပာယ်ဖြင့် ရန်ကုန်မြို့ဟု အမည်ပေးခဲ့သည်။

တည်နေရာ

မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁-မိုင်သာ ဝေးသည်။ ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာဌာနလည်း ဖြစ်လေသည်။

သမိုင်း

ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သည်[၅] ဟူ၍ မြန်မာတို့က ယုံကြည်ကြသော်လည်း အထောက်အထားမရှိပေ။

Leave a Reply

Your email address will not be published. Required fields are marked *

Lorem ipsum dolor sit amet, consectetuer adipiscing elit. Aenean commodo ligula eget dolor. Aenean massa. Cum sociis ultricies nec